Powered By Blogger

Tuesday, July 15, 2014

သွားနှုတ်ခြင်း

သွားနုတ်ခြင်း by ဦးဒေါက်တာ on May 3rd, 2012 သွားနုတ်ခြင်းဟာ တကယ်တော့ ပြီးပြည့်စုံသော ကုသမှုတစ်ခုတော့ မဟုတ်ပါ။ သွားနှင့်ခံတွင်းရောဂါတစ်ခုကို ယာယီသက်သာစေရန် လုပ်ပေးထားခြင်းသာဖြစ်သည်။ ဒါကြောင့် သွားနုတ်ပြီးလို့  နာတာကိုက်တာ သက်သာသွားတာကို ပျောက်သွားပြီလို့ မယူဆသင့်ပါဘူး။ အစာစားရင် ဘာနဲ့ ဝါးမလဲဆိုတာကို ပြန်စဉ်းစားသင့်ပါတယ်။ သွားကိုက်သွားနာဖြစ်ပါက ကုသနိုင်သည့် နည်းလမ်းများစွာရှိသည့်အထဲမှ လူအများသိထားသော နည်းတစ်ခုကတော့ သွားနုတ်ခြင်းပါပဲ။ မြန်မာနိုင်ငံမှာ အရင်ခေတ်ထဲက အရိုးစွဲလာတာဆိုတော့ ဒီနည်းအပြင် တခြားနည်းလမ်းများကို ပြောပြပေမယ့် လက်မခံနိုင်ကြသေးပါဘူး။ သွားတစ်ချောင်းချင်းစီရဲ့ အသုံးဝင်ပုံကို ကြည့်မယ်ဆိုရင် အစာဝါးခြင်း၊ စကားပြောခြင်း၊ ရုပ်ဆင်းကို ဖေါ်ဆောင်ခြင်းဆိုပြီး ရှိပါတယ်။ သွားနှင့်ခံတွင်းရောဂါများကို ကုသရာမှာ ဒီအချက်သုံးချက်ကို ထည့်စဉ်းစားရပါတယ်။ ဒါကြောင့် သွားနုတ်ပြီး သွားကိုက်တာ သက်သာသွာပေမယ့် အစာဝါးဖို့ အခက်အခဲရှိမယ်။ လူရှေ့မှာ ပါးစပ်ဟဖို့တောင် အခက်အခဲရှိမယ်ဆိုရင် ဒါဟာ လဲ ရောဂါတစ်မျိုးပါဘဲ။ ဒါကြောင့် သွားနုတ်တာဟာ ပြီးပြည့်စုံသော ကုသမှုမဟုတ်ဘူးလို့ ဆိုလိုတာပါ။အဲ့ဒီတော့ ဒါတွေအဆင်ပြေဖို့ နုတ်ထားတဲ့သွားကို ပြန်လည်အစားထိုးစိုက်ရပါတယ်။ အဲ့ဒီအခါ ကုန်ကျစရိတ်ပါ ပိုမိုကုန်ကျသွားပါတယ်။ နောက်ပြီးတော့ စိုက်တဲ့သွားကလဲ အတုပဲ ဖြစ်သွားပါတယ်။ အကောင်းဆုံးကတော့ ဆရာဝန် စမ်းသပ်ပြီး အမှန်တကယ်နုတ်သင့်တဲ့သွားဆိုမှသာလျှင် နုတ်သင့်ပါတယ်။ ပြန်လည်ဖာလို့ ရတယ်ဆိုရင် ပြန်လည်ဖာတာဟာ အကောင်းဆုံးဖြစ်ပါတယ်။ ဒါဆိုရင် မိမိသွားအစစ်နဲ့ ဆက်လက်နေနိုင်မှာဖြစ်ပါတယ်

No comments:

Post a Comment